မြန်မာ ဘလော့ အကူအညီများ
ဝက်ဆိုဒ်ဖွင်စရာလေး
မြန်မာ wordpress
ဝက်ပေ့ ဖွင့်စရာလေး
ကိုယ့်တိုင်းပြည်မှာတော့ ခြင်္သေ့၊ သူများတိုင်းပြည်မှာတော့ ကြွက်။
လူမှု့ရေး
ဤတွင် ကျနော်တို့သည် ကိုယ့်နှင့် ပါရာဒိုင်းအမြင်မတူုသူဟု ယူဆလျှင် သောက်စကားကို မပြောပါနှင့်။ အကောင်းဆုံးကတော့ အဖက်မတန်သလို ကိုယ်ဖာသာနေနိုင်အောင်း ကြိုးစားပါ။
လမ်းတွေကမကောင်း၊ ကားတွေကမကောင်း။
ဟုတ်တယ်ဗျာ ၉ ရက် စက်တင်ဘာ ရန်ကုန်ကပြန်လာတာ ဆိုးလိုက်တဲ့ ကား၊ လမ်းကလည်းမကောင်း။ ဘာလို့ဒီလောက်တောင် လမ်းတွေ မကောင်းနေတာလဲ? နိုင်ငံခြားသားတွေပြောသလို ပြောရမယ်ဆိုရင် "ခင်ဗျားတို့နိုင်ငံကကားတွေပဲပြင်စိးနေတာလမ်းကြတော့မပြင်ကြဘူးတဲ့။ဟုတ်တယ်လေကားပိုင်ရှင်တွေသနားစရာနော် . ရန်ကုန်-မန္တလေး တခေါက်မောင်းလိုက်ရင်တော်တော်လေးကို ကားက ရွှဲသွားမယ်. နောက်ဆုံးတော့ ကားခတွေဈေးတက်လိုက်တာပေါ့ (ဟဟ)။ ရေသန့်ဘူးတို့ ၊ တစ်ရှုးတို့လည်းပေးဘူးဗျာ. ပြီးတော့ ရန်ကုန်- နေပြည်တော်ခရီးလောက်ကို(၉)နာရီမောင်းမယ်ဗျာ.အချိန်ကုန်လို့ခါးတွေနာ(ဒါကလက်တလောအခြေအနေလေးပါ။ မပူပါနဲ့ ရန်ကုန်-မန္တလေး (၆) လမ်းသွား ကွန်ကရစ်လမ်းမကြီးပြီးတော့မယ်... သိကြလား ။ ပြီးရင်တော့ ရှယ်ပဲ . ကားတွေ တာယာကုန်ပို့သာပြင်ထားကြပေတော့ . ခင်ဗျားတို့လည်း တာယာဖိုး ပိုပေးကြရပေါ့ ။
အချိန်တွေ
အချိန်တွေ
ဒီနေ့ဆို ၂၀၀၈ စက်တင်ဘာ ၁၁ ရက် ပေါ့။ (၉၆) ဆယ်တန်းအောင်တုန်းက ဘာလို့များ IELTS Band (၈) လောက် ရအောင်ဘာလို့မလုပ်ခဲ့မိတာပါလိမ့်။ ခုဖြေရင်တောင် Band (၅) လောက်ရပါ့မလားမသိဘူး။
ချမ်းသာတဲ့နိုင်ငံကအိမ်တအိမ်သုံးအိမ်သာခွက်ဟာ။ဖွံ့ဖြိုးဆဲနိုင်ငံရဲ့လူလတ်တန်းစာမိသားစုအိပ်ခန်းလောက်တန်းကြေး
ရှိတယ်ဆိုပဲ။ကျနော်တို့မြန်မာနိုင်ငံသည်လွတ်လပ်ရေးမရခင်ကမြန်မာ့စီပွားရေးသည်ခန့်မှန်းလို့မရအောင်ကိုတိုးတက်မှု
ရှိသည်ဆိုပဲ၊ ရန်ကုန်ဆိပ်ကမ်းသည် ထိုစဉ်က ရှီကာကို ဆိပ်ကမ်းထက် သဘောင်္အဝင်အထွက်များသည်တဲ့၊ မြန်မာ့ဆန်သည် တမ္ဘာလုံးပို့ရသည်တဲ့။ အချိန်တွေအချိန်တွေ နှမြောစရာ
..................................................................
လမ်းပေါ်ကတုတ်တချောင်းကို လမ်းဘေးရောက်အောင်ပစ်သွားတာလည်း နိုင်ငံရေးပဲဆို။ ဒီလိုဆိုကျွန်တော်လည်း နိုင်ငံရေးလုပ်နေတာလား။ ဝုတ်ဘူးနော် မှားနေပြီ။ တားတားဝုတ်ဘူး
................................................................
အင်တာနက်ပေါ်မှာ သရုပ်ဆောင်ကျော်ဟိန်းကို ဖဲ့ထားတဲ့စာတွေ ပလူပျံနေပါလား။ ဟုတ်တော့လည်းဟုတ်ပါတယ်လေ ဒီလူမျိုးကြီးတွေက နည်းနည်းပိုတယ်။ ဘယ်လိုလဲဆိုတော့ စစ်သားကြီးတွေလိုပေါ့။ စစ်သားကြီးတွေဆိုလည်း ဒီလိုပဲလေ သူတို့ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင် သဘာဝ၊ ကြုံတွေ့ရတဲ့ ဖြစ်ပျက်မှုတွေနဲ့ ကျွန်တော်တို့လို သာမန်ပြည်သူတွေအတွက် နည်းနည်းဘယ်လိုခေါ်မလဲဆိုတော့ ဒီလိုပေါ့နော်…………….။

