Tuesday, June 10, 2008

ဘာသာရေး

ခင်ဗျားတို့ကိုပြောပြရအုံးမယ်မြန်မာဗုဒ္ဓဘာသာဝင်တချို့အကြောင်းပေါ့၊တချို့လူငယ်တွေပြော တယ။် ဒီလိုဗျသူတို့ပြောတာက ကျွန်တော်ကဗုဒ္ဓဘာသာဝင် မိရိုးဖလာမို့ ၊ သိပ်အယုံအ ကြည်မရှိပါဘူးတဲ့။ သောက်သုံးမကျလိုက်တဲ့အကောင်။ အင်တာနက်မှာ လာပြီ ဘလော့တွေဘာတွေ ရေးနေတတ်တဲ့ အရွယ်တောင်ရောက်နေပြီဗျာ။ ဒီစကားမျိုးတော့ ပြောတော့ ၊ ဟုတ်တယ်မဟုတ်လား။ လေ့လာဖို့ကောင်းတာပေါ့ဗျာ။ ကိုယ်ကိုးကွယ်တဲ့ဘာသာကို၊ လူငယ်တွေက ဗုဒ္ဓဘာသာမှာ နတ်တွေ၊ ဗေဒင်တွေ ဂါထာတွေ နဲ့ရှုပ်ရှပ်ခတ်နေတယ်ထင်တာ။ အမှန်တော့ဗျာ ယနေ့လူတွေနှုတ်က တဖွဖွရွတ်နေတဲ့ ဂါထာ တဝက်လောက်က ဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်တာတွေ။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဗျာ ၊ ဒီနေရာမှာ ကျွန်တော်ပြောရအုံးမယ် ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့၊ ပြီးတော့ ခင်ဗျားက နိုင်ငံရပ်ခြား ဘာသာရေးအထိအတွေ့နည်း၊ အလုပ်အကိုင်ကလည်းရှုပ်တာမပြောပါတော့နဲ့ဆိုတာမျိုးပေါ့။ ကောင်းပြီ ခင်ဗျားလုပ်သင့်တာက ဘုရားဂုဏ်တော်ပွားနေဖို့ပဲ၊ တတ်နိုင်ရင် သတိလေးကပ်ပြီး ဘုရား၊တရား၊သံဃံ၊ အာရုံပြု ။ အာလုံးအဆင်ပြေလိမ့်မယ်။ ဘာလို့လဲဆိုတော့ သေချာတာက ထိုစဉ်အတောအတွင်းမှာ ခင်ဗျားမှာ အကုသိုလ်မရှိဘူးလေဗျာ။ ဘာသာရေးသတိလေးကပ်ပြီး လှူမယ်တန်းမယ်၊ အသက်ရှည်အောင် ကံဆက်မယ်၊ နောက်ဆုံး ဝိပဿနာ ဘဝနာ ဘက်ကို ကူးပြီး နိဗ္ဗာန် ရအောင်တောင် လူငယ်တိုင်းလုပ်ဆောင်နိုင်စွမ်းရှိတယ်။ ခင်ဗျား လူဖြစ်လာပြီး ဗုဒ္ဓဘာသာဝင်တယောက်လည်းဖြစ်၊ မြန်မာနိုင်ငံမှာလည်း မြန်မာမိဘတွေနှင့် ကြီးပြင်းခွင့်၊ မြန်မာ လူကြီးသူုမတွေနှင့် ဤသာသနာတွင်းမှာ နေထိုင်ခွင့်ရပြီဆိုရင်ပဲ ခင်ဗျားဟာ နိဗ္ဗာန်ရောက်အောင်စွမ်းဆောင်နိုင်ပြီမှတ်။

အခုတော့ ဘယ်မလဲ လူငယ်တွေ ဒါကိုမသိနိုင်ဘူး။ သိအောင်လည်း အားထုတ်ပေးမယ်သူမျိုးကလည်းရှား။ ငယ်တုန်းရွယ်တုန်းသေသွားလို့ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ဒါကြောင့်ပြောတာပေါ့ သွားသတိ၊ စားသတိ လို့၊ ခင်ဗျားအသက်ရှည်ဖို့ဟာ အစာအဟာရနှင့်ပင်လုံလောက်ပြီလို့ထင်လား ? ခင်ဗျားရဲ့ကကောဘယ်လိုလဲ? ဒါကြောင့်ခင်ဗျာဟာ ကံဆက်နိုင်ဖို့လည်းကြိုးစားရမယ်။ သံသရာအရှည်ကြီးထဲမှာ ခင်ဗျားလုပ်ခဲ့တဲ့ကောင်းမှုကိုသိုလ်တွေက အများကြီးပါ။ ဒါတွေကို ဒီဘဝမှာပေါ်ထွန်းလာအောင်နိုးဆွပေးရမယ်။ ပြီးရင်အားလုံးကို ဖြတ်ပြီး သံသရာကြီးကို အနိုင်နဲ့ပိုင်းရမှာ ခင်ဗျားတို့ လူငယ်လေးတွေရဲ့ Mission ပဲ။ လူကြီးတွေတော့ ကျွန်တော်မပြောချင်ဘူး။ ကျွန်တော်တောင်မှ သူတို့ပြောစရာတွေ အဆိုအဆုံးမတွေကြောင့် သူငယ်ချင်းတို့ကိုဖောက်သည်ချနိုင်တာလေ။ အခုလည်းကျွန်တော်က လူကြီးသူမတွေနဲ့ဝေးပြီး ဖြစ်ချင်သလိုဖြစ်နေကြတဲ့ လူငယ်တွေကို အသိသတိလေးပေးတာပါ။ ဘယ်နဲ့ဗျာ လူငယ်သဘာဝပျော်မှာပေါ့ ၊ လာမတားနဲ့လေ ၊ သူတို့တွေ (လူကြီးသူမတွေ) ပြောရမှာက အထိန်းအသိမ်းလေးနဲ့ပျော်ပါးဖို့ သတိရှိဖို့ ၊ ကိုယ်ကိုကိုယ်တန်းဖိုးထားဖို့၊ စသည်ဖြင့်ပေါ့ ။ အခုတော့ ဟုတ်ဘူး။ no party , tattoo no , no alcohol ။ အေးမင်းတို့ ဆေးမင်ကြောင်က ရောဂါကူးတက်တယ် ။ ဖျက်ဖို့လဲမလွယ်ဘူး၊ ထိုးရင်လည်းသေချာဂရုစိုက်အုံး၊ ဘာညာပေါ့ ။ ကလပ်ဆိုရင်လည်း ဒီလိုပေါ့ဗျာ ။ ဟာပြောရင်းနဲ့ ဘာသာရေးခေါင်းစဉ်နဲ့တောင် လွဲသွားပြီ။ ပြန်ဆက်ရအောင် .

-ဥပမာဗျာ ခင်ဗျားတို့ သူငယ်ချင်းတသိုက်ဘုရားသွားတယ် (ရွှေတဂုံဆိုပါတော့)။ သေချာစဉ်းစားကြည့်ပါအုံးဗျာ အခုကျွန်တော်ပြောမှာကို. ဘုရားပေါ်မှာ တယောက်နဲ့တယောက် စလိုက်ကြနောက်လိုက်ကြ ၊ ကိုယ့်ရှေ့မှာ ဘုရားအာရုံပြုနေတဲ့ကောင်းမလေးတွေကို ငမ်းလိုက်ကြနဲ့ . ဟုတ်တယ်မဟုတ်လား။ သွားပြီ . ခင်ဗျားတို့ဘုရားလာတာ။ ဖြစ်သင့်တာက ဘုရားလေးအာရုံပြု၊ မေတ္တာလေးဘာလေးပို့ စသည်ဖြင့်ပေါ့ မျက်လွှာလေးချပြီး။ အခုတော့ဟုတ်ဘူး ၊ ဆော်ငမ်းချင်ရင် ဗိုလ်ချူပ်ဈေးသွား၊ FMI လျှောက်ကြည့်ပေါ့ ၊ ဘုရားလာမှတော့ ဗေဒင်တွတ်တာတို့ သမီးရည်းစားစကား ဟိုပြောဒီပြောတို့မလုပ်နဲ့ပေါ့ဗျာ။ Logic ကျကျတွေးကြည့်စမ်းပါဗျာ။

တရားတော်များရယူရန်

အကျယ်ဖတ်ရန်...