Friday, June 6, 2008

အင်္ဂလိပ်စာသင်ခန်းစာ

အင်္ဂလိပ်စာသည် မြန်မာနိုင်ငံသားများအနေဖြင့် များစွာအားထုတ် ကြိုးစားသင့်လှသည်။ အကြောင်းမှာ ကျွန်တော်တို့သည် ဘိုးဘွားလက်ထက်လောက်ကတည်းကနေ Queen English ကို ရင်းနှီးခဲ့တာမဟုတ်ပါလား။ ကျွန်တော်တို့နိုင်ငံသည် အင်္ဂလန်ထက်ကြီး၍ လူဦးရေ သန်း (၆၀) လောက်သော အတိုင်းအတာသည်လည်း နိုင်ငံကြီးများ နောက်နားလောက်ထဲတွင်ပါသည်။ သို့သော် ကျွန်တော်တို့ ကိုယ်ပိုင် ခေတ်မီနည်းပညာ ယနေ့ခေတ်အတိုင်းအတာအရဘာမှမရှိ၊ ကောင်းပြီ ဒါတွေဘယ်မှာရှိ ၊ ဘယ်လိုရအောင်သိအောင်လုပ်ရမည်၊ အခြေခံအလွယ်ဆုံးခင်ဗျား အင်္ဂလိပ်စာမှတဆင့်လိုက်ရမည်။ ဒါတောင် ဒိတ်ဒိတ်ကျဲပညာရှင် တယောက်ဖြစ် ချင်ရင်ရုရှစာတို့ဘာတို့ရမှဖြစ်မယ်။ (တချို့ဘာသာရပ်တွေဥပမာသချာင်္ပညာရပ်တို့ဘာတို့တွင်အင်္ဂလိပ်ဘာသာ ထဲမှာမရှိသေးသော ပညာရပ်များ ရုရှဘာသာစကားနှင့် ရှိသည်ဆိုပဲ)။ ခင်ဗျား Physics ကျောင်းသားဆိုပါတော့ ဘယ်မှာလည်း မြန်မာလိုရေးထားတဲ့စာအုပ်။ ဘာသာမပြန်ထားနိုင်ဘူးလေ။ ဘာသာပြန်တယ်ဆိုရာတွင်လည်း ထွက်သမျှ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ ရုရှ၊ စပိန် ၊စသည့် ကမ္ဘာအသုံးများသော.စာပေများအားလုံးနှင့် ရေးထားသောစာတိုင်းလိုလိုကိုပြန်ထားနိုင်မှ။ကျွန်တော်တို့ကကမ္ဘာမှာထွက်သမျှစာအုပ်ကိုဘာသာပြန်ထားနိုင်စွမ်း မရှိဘူးလေ။ ချူပ်လိုက်ရင် မြန်မာစာသည်တို့စာ၊ မြန်မာစကားသည်တို့စကား၊သို့ပေမယ့်မြန်မာစာမတတ်လျှင် ရသည်။ အင်္ဂလိပ်စာ မတတ်လျှင်တော့ လက်တလော အနေအထားတွင် ပြီးပြီသာမှတ်။ တက္ကသိုလ် ကျောင်းသားဆိုလျှင်ကို ဘယ်အချိန်ဖြေဖြေ IELTS ( ၆.၅) လောက်။ TOFEL (၅၈၀) လောက်တော့အဆင့် ရှိသင့်သည်လေ၊ ဟုတ်ပါပြီ။ နောက်တော့ထပ်ဖြည့်တာပေါ့ ဒီကဏ္ဍလေးကို
ကျွန်တော် အချိန်ရရင် အင်္ဂလိပ်စာလေ့လာစရာလေးတွေတင်ပေးပါ့မယ်။ ဆရာတော့မဟုတ်ပါဘူး၊ မျှဝေပေးတဲ့သဘောပါ

အကျယ်ဖတ်ရန်...

Tuesday, June 3, 2008

ဖျော်ဖြေရေး

သီချင်း

သူငယ်ချင်းတို့ဘာတွေကြိုက်.....

သီချင်းအသစ်အကြောင်း
Infomation သိချင်ရင် ပန်းသီး က Itune ကို Install လုပ်ထားလိုက်လေ. MP3 အလကားရချင်ရင်လည်းပေးရမှာပေါ့ . . လိုချင်တဲ့ Mp3 ပြောရစေရမယ်. ကွန်ပြူတာရှိရင် MP3များကို Mediamonkey Player လေးသုံးကြည့်ပါလား။
ဒီနေရာ မှာလည်းလိုချင်တာရတယ် ။ လေ့လာကြည့်ပါအုံး။
သီချင်းတွေကတော့ ဘိုလိုတွေပေါ့ဗျာ၊ လေးဖြူကလည်းအသစ်မထွက်၊ ကိုထွဋ်ကလည်းကောင်းတော့ဘူးလေ။ ကျနော်ကလည်း အဟောင်းထဲမှာမနေနိုင်။ ဟဟ ...။ ဒါပေမယ့် Sean Kingston တို့လို ငရွတ်ကလေးတွေကိုတော့ကြိုက်ပြန်ရော Billboard ဟစ်တွေ့ပေါ့ဗျာ. မြန်မာပြည်က hip hop အဆိုတော်များကို တိတောင်တိဘူး ။ သားသားတိဘူးနော်သူတို့ကို (ကျွန်တော်တို့ ဝန်းကျင်မှာ က မြန်မာ hiphop ဆိုတာတွေနားထောင်ရင်သောက်ရူးတဲ့။ ဟုတ်ပ ကျွန်တော်ကတော့ "DMX,BEPeas, 2Pac, David Banner, Afroman, LLCool J, Lil Jon, Lil Kim, Will.I.Am, fort minor,Fergie,Boys Like Girls,3 door down, Beyonce,jordin sparks, Miley Cyrus , Buckcherry, Natasha Bedingfield, Colbie Caillat, Sean Kingston, Kate Voegele... "
အိုအစုံပဲဗျို့ ကြိုက်တာ . နောက်တော့ခင်ဗျားတို့ကိုပေးမယ်လေ။ ဖြည်းဖြည်းပေါ့...
စာသားလား လွယ်ပါတယ် - www.azlyrics.com ဆိုလိုတာအကုန်ရတယ် . ဟုတ်ပြီလား..

ချာတိတ်အတွက်သာ...
1.Crush - David Archuleta
2.Always Be My Baby-David Cook
3. A Little Bit Longer - Jonas Brothers
4. When You Look Me In The Eyes - Jonas Brother
5. Tatto - Jordin Spark
6. Will You Dance with Me - Julianne Hough
7.Let Me Love You - Mario
8.Said I Loved You - Michael Bolton
9.Overloved - Paula DeAnda
10.Come Home With Me - Play-N-Skillz
11.Beautiful Girls - Sean Kingston


ရယူနားထောင်ရန်သီချင်းကောင်းလေးများ (၂၀၀၈)

၁။ Viva la Vida(coldplay)
၂။ I kissed a girl (Katy Perry)
၃။ When i grow up(PCD)
၎။ Shake it (Metro Station)
၅၊ Pocketful of Sunshine (Natasha Bedingfield)
၆။ Take a Bow(Rihanna)
၇။ Forever (Chris Brown)
၈။ Leaving (Jesse McCartney)
၉။ Bleeding Love (Leona Lewis)
၁၀။ 4 minutes (Madonna)
၁၁။ so what (Pink)
၁၂။ whatever you like (T.I)
၁၃။ The Day That Never Comes (Metallica)
၁၄။ GirlsKissGirls(PittsburghSlim)
၁၅။ all summer long(kid rock)
၁၆။ She Never Cried In Front of Me(Toby Keith)
၁၇။ Damaged (Danity Kane)
၁၈။ Disturbia (Rihanna)
၁၉။ whatever you like (T.I)
၂၀။ Hot N Cold (Katy Perry)
၂၁။ One Step At a Time (Jordin Spark)
၂၂။ Dangerous (Akon)
၂၃။ Get Back (Demi lovata)
၂၄။ Chasing Pavements(Adele)
၂၅။ Just Dance(Lady Gaga)
၂၆။ Crush - David Archuleta
၂၇။ Inside The Fire - Disturbed
၂၈။ Barracuda
၂၉။ Hollywood's Not America - Ferras

အခြားလိုချင်တဲ့ သီချင်းလေးများရှိရင်လဲပြောပါနော် ..

HQ Celebrity fotos များလိုချင်ရင်တော့ ဒီနည်းလေးကိုသုံး။ Google Search box မှာ Celebrity forum လို့ရိုက်ထည့်လိုက်။ ပြီးရင် ကိုယ်ကြိုက်တဲ့ Site တခုထဲမှာ Register လုပ်ပြီး Member ဝင်လိုက်ပါ။
paris hilton
websites link

အကျယ်ဖတ်ရန်...

လူမှုရေး

လူမှုရေးအခန်းကဏ္ဍသည် ရှေ့လျှောက်လမ်းမည့် လူငယ်များအတွက်များ များစွာဂရုစိုက်ရမည့် အချက်ဖြစ်သည်။ ကျွန်တော် လူငယ်များနေပုံထိုင်ပုံပြုမူပုံကိုပါ ဒီခေါင်းစဉ်အောက်တွင် ဖော်ပြမည်ဖြစ်သည်။ ဥပမာ အိမ်လာတဲ့သူတယောက်ကို ကော်ဖီသောက်ပါအုံး၊ ထိုင်ပါအုံး စသည်ဖြင့်ပြောဆိုသင့်သည်။ ကိုယ်သည် ဧည်သည်နေရာတွင် ဘာပြောမလဲ? (ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် စသည်ဖြင့်ပေါ့ ၊ ကျွန်တော် ကော်ဖီမကြိုက်ဘူး . ဖြစ်နိုင်ရင် အအေးလေးပဲယူလာပေးပါ) ဒီနေရာတွင် မြန်မာများတခုဆိုးသည်မှာ ကိုယ်ကို၌ကကော်ဖီမသောက်တက်သောလည်း အိမ်ရှင်ကို အားနားပါးနားဖြင့် ဘာမှမပြောပဲ ပြီးမှ စတိသဘောမျိုးသောက်ထားခဲ့ခြင်း၊ ကိုယ်၌သွားစရာလာစရာရှိနေခြင်းကို အားနာပါနာဖြင့် မသွားပဲထိုင်နေခြင်း၊ စသည်တို့ဖြစ်သည်။ ခင်ဗျားမလုပ်ချင်သည်ကို အကြောင်းပြတတ်ဖို့ပဲလိုသည်။ ကျွန်တော် အရက်သောက်လို့မရဘူးခင်ဗျ. ဆေးသောက်ထားလို့ပါ။ မထိုင်တော့ဘူးခင်ဗျ ဖုံးချိန်းထားလို့ပါ၊ လူကြီးသွားကြိုရအုံးမှာမို့ စသည်ဖြင့်ဖြေရှင်းချက်လေးကောင်းဖို့သာလိုသည်။ ဒါနဲ့ပြောရအုံးမယ် မုသားဆိုလို့ .. သူတပါးကို ထိခိုက်နစ်နာခြင်းမှ မရှိတာဗျာ. အကုသိုလ်ဖြစ်ရင်တောင် % နည်းတာပေါ့။ ဒါနဲ့ပတ်သတ်ပြီးထပ်ပြောချင်တာက မလိုအပ်ပဲ မြန်မာများ အပို ပြောခြင်းပင် ဖြစ်သည်။ ဒီပစ္စည်းလေးဘယ်လောက်လဲ? တစ်ထောင်ပါ ဝယ်ရင်းကို ၉၅၀ ရှိတယ်။ ၅၀ ပဲမြတ်ပါတယ် ။ သွားပြီ . . ဘာလို့လဲဆိုတော့ သူဝယ်ထားတာက ၉၀၀ ထဲ၊ သို့ပေမယ့်ပြောလိုက်တာက တမျိုး။ မလိုဘူးဗျာ ကျွန်တော့်ပစ္စည်းမှန်ရောင်းတာ ၁၀၀၀ကျပ်ပဲ။ ပြီးပြီပဲ. ဒါကိုမဟုတ်ဘူး အပိုတွေထပ်ပြောတော့ အကုသိုလ်အပိုဖြစ်တာပေါ့ဗျာ. ။

အကျယ်ဖတ်ရန်...

တိုင်းရေးပြည်ရေး

နောက် နှစ်တရာလောက်ကျရင် မြန်မာပြည်အကြောင်းစာအုပ်ရေးရင် ဘာတွေရေးဖြစ်မလဲမသိဘူးနော်။
2010 ရွေးကောက်ပွဲပြီးရင် လခတွေကိုလည်းတိုးမယ်. အရည်အချင်းတွေလည်းစစ်မယ်ဆိုလို့ phD တက်ပြီး stateman ဖြစ်အောင်လုပ်နေတယ်။ ဟိဟိ
ဆွေးနွေးပြောဆို သင့်တာတွေကတော့အများကြီးမှာ သူငယ်ချင်းတို့ ၊ ဒဂုန်တာရာ၊ ဦးသိန်းဖေမြင့် ကနေပြီးတော့ ဆရာကျော်ဝင်းတို့ ဆရာကြီးဒေါက်တာတင်လှိုင်တို့ကနေ တာရာမင်းဝေတို့အထိ ဆိုတော့ ........... ။ ဒီမိုကရေစီကိုပဲမျှော်ရတော့မှာပဲ. ။ ဟုတ်တယ် အဲကျရင် စာရေးစရာလုပ်မယ်. ခင်ဗျားတို့အားပေးပါအုံး . လောလောဆယ်တော့ ဖတ်မှတ်အုံးမယ်. စာဖတ်တယ်ဆိုလို့ ကျနော်တို့ မြန်မာတွေစာဖတ်နည်းကျတယ်ဗျာ. တကယ်ပါ . ဒါကလည်းအကြောင်းရှိသေးတာကိုး ။ ဟုတ်တယ်ဗျ မြန်မာမှာ လူတွေက ရိုက်စားလုပ်ဖို့ပဲ သောက်ကျင့်တွေကိုက ။ ထုတ်ကျတဲ့ စာအုပ် . ဒါပေမယ့်ဗျာ AutoCAD တို့ဘာတို့လို ကျောင်းသားအများအတွက် ရည်ရွယ်သည်များကို ဈေးနှုန်းချိုသာစွာ ထုတ်ဝေဖြန့်ချီနိုင်အောင်မလုပ်ပဲ Quality ဦးစားပေး ဈေးကြီးကြီးထုတ်တာမျိုးကြတော့ ဘယ်ကောင်းမလဲဗျာ. စာကြတော့ဘာမှပါတာမဟုတ်ဘူး ၊ လုပ်စားနေကြတာ ။ သက်ဆိုင်ရာအစိုးရကလည်း ဒါမျိုးတွေ အာရုံမစိုက်နိုင်ဘူးလေ. အများကျောင်းသား ဝယ်ဖတ်နိုင်အောင် ကြိုးစားပေးသင့်တာပေါ့. ဟုတ်ပါပြီ ဒါက စာရေးမယ်ဆိုလို့ ပြောမိသွားတာ။

နိုင်ငံ Developed country မြန်မြန်ဖြစ်အောင်

၁. တိုင်းပြည်အုပ်ချူပ်သူသည်စီးပွားရေးပညာရှင်သော်လည်းကောင်း၊အင်ဂျင်နီယာသော်လည်းကောင်း
ဖြစ်ရမည်.
၂. နိုင်ငံဝန်းထမ်းတိုင်း ကိုယ့်အလုပ်သာကိုယ့်လုပ်ကြရမည် (အတိအကျ)၊ ဥပမာ-ဌာနဆိုင်ရာကားမောင်းသူ
သည် အကြံအဖန် ဆီပီပါ လှိမ့်နေစရာမလို၊ ကျောင်းဆရာသည် ကင်တင်းဖွင့်နေဖို့မလို။
၃. ခေါင်းဆောင်သည် နိုင်ငံအမျိုးသားရေးကို တအားပြင်းထန်ဖို့၊ စွန့်လွှတ်အနစ်နာခံဖို့မလို၊ အရည်းအချင်း
ပြည့်ဝဖို့ သာလိုသည်။
[အထောက်အထားအနေနဲ့ပြရရင် 'ယနေ့ စင်ကာပူအောင်မြင်နေတာ လုပ်ရည်ကိုင်ရည် ပဓာနမူဝါဒ ကြောင့်ဖြစ်သည်" (CNN ၏ Asian Talk အစီအစဉ်တွင် စင်ကာပူ ဝန်ကြီးချူပ်ပြောသွားသောစကား)]

နာဂစ်မုန်တိုင်း
မုန်တိုင်းနှင့် ဝေးနေသောမြန်မာပြည်အထက်ပိုင်းမှ လူအချို့ကပြောနေကြသည်။ TV မှ ထောက်ပံတာတွေကြည့်ပြီး နည်းတာမဟုတ်ဘူး ။ မြတ်တောင်မြတ်သေးဟုပြောနေကြသည်။ ကျွန်တော်အခု ရေးဖော်ပြတာက မြန်မာပြည်တွင် ဒါမျိုးအတွေးအခေါ်တွေရှိတဲ့ သူများရှိသေးကြောင်း သိစေချင်၍ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်အနည်းက တင်းနစ်ပြိုင်ပွဲတခုတွင် နာမည်ကြီးတင်းနစ်သမားတယောက်ရိုက်လိုက်သော ဘော့လုံးသည် ကလေးငယ်တစ်ဦးဧ။်လက်အား မှန်ရာတွင်၊ ကလေးကိုယ်နှိုက်ကလည်း ဘယ်သန်ဖြစ်နေခြင်း၊ လက်ကလည်းရှေ့လျှောက်စာရေးရာတွင်အခက်အခဲဖြစ်စေခြင်း၊ မှန်တာကလည်း ဘယ်လက်ဖြစ်နေခြင်း၊ ရှေ့လျှောက်ဘယ်လက်မသုံးနိုင်ခြင်းအတွက် စိတ်အနာတရ စသည်စသည် တို့ကြောင့် ရောကြေးငွေဒေါ်လာသန်းချီ၍ရလိုက်သည်ဟုဆိုဧ။်။ ပြောချင်တာက မြန်မာပြည်တွင်ယခု ကြုံတွေ့ခံစားရပုံသည် တကယ်ကို သူတို့လေးတွေဘဝ ထိခိုက်နစ်နာလွန်းပါသည်။ ဘယ်လိုမှ တန်းဖိုးအကဲဖြတ်ရနိုင်မည်မဟုတ်.

ူဒီမှာ မုန်တိုင်းမျက်စိ ထဲဝင်ပြီး (လေယာဉ်နဲ့ပေါ့ဗျာ) ဗုံးတွေဘာတွဲခွဲပြီး လမ်း ကြောင်းပြောင်းလို့ ရနိုင်ခြင်း၊ မုန်တိုင်းအားလျော့သွားအောင် လုပ်ပေးခြင်းများ ပြုလုပ်၍ရနိုင်သည်ဟု။ ကျွန်တော်တို့သာဒါမျိုးလုပ်နိုင်မယ်ဆို ဘယ်လောက်ကောင်းမလဲဗျာ၊ အရေးပေါ်ယာဉ်များ စီမံဆောင်ရွက်ပြီး ကယ်ဆယ်ရေးလိုအပ်သူများကို ပြောင်းရွှေ့သယ်ဆောင်ပေးခြင်း၊ အင်းတိုက်အားတိုက်ပေါ့ဗျာ . ။ တကယ်တော့ အရာရာဟာငွေကြေးပါပဲ. ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားနေတုံးကာလလေးကိုဗျာ . ခွေးမသား နာဂစ်. .............


ကမ္ဘာစစ်ဖြစ်တော့မှာလား
ဟုတ်တယ်ဗျာ.... ကြောက်ဖို့ကောင်းတယ် သတင်းတွေက ၊ရုရှ နဲ့ မေရိကန်ကလည်း ဒုံးခွင်းဒုံးကိစ္စ နဲ့ နှာခေါင်းသွေးထွက်တော့မယ်။ အစ္စရေး နဲ့ ဆီးရီယား ၊ အီရန်။ တောင်မြောက်ကိုရီယား၊ တရုတ်-ဂျပန် သမိုင်းကြောင်းနဲ့ ကျွန်းဆွယ်ကိစ္စ။

အကျယ်ဖတ်ရန်...

ကျန်းမာရေး


ကျွန်တော်ကတော့ ကျန်းမားရေးသည် နံပါတ် (၁) ၊ သူငယ်ချင်းတို့ရော။ ပြန်စဉ်းစားကြည့်ပါ၊ ဤစကားသည် ခင်ဗျား အရက်သောက်သောအခါ၊ အစာစားသောအခါများ။ ကလပ်တွင်နေသောအချိန်များစသည်စသည် တို့တွင် သူငယ်ချင်းများ ကျန်းမားရေးအသိစိတ်လေးနှင့် ပြုမူကြပါခင်ဗျာ။
ကျွန်တော်တို့သည် ကွမ်းစားသည် ၊ ဆေးလိပ် (အကုန် အနု အကြမ်း ) လည်းသောက်သည် ၊ အရက်လည်း(သံပရာ. ဇီး. ရရာ ) သောက်သည်။ အချိုမှုန့် စာအုံးဆီ (ဆိုင်တိုင်းမသုံးတဲ့ဆိုင်မရှိ) လည်းသုံးသည်။ ဘယ်မှာမြန်မာတွေအသက်ရှည်ကျန်းမာတော့မည်နည်း။
အဓိကတော့ ဝင်ငွေမှမကောင်းတာကိုး။ ကျန်းမာရေးအတွက် သီးသန့် အချိန်ပေးဖို့ဆိုတာမရှိ။ စိတ်ပျက်စရာကောင်းလိုက်တာဗျာ။

ဒီနေရာမှာကျွန်တော်အဖြစ်အပျက်လေးတခု၊တော်တော်စိတ်ပျက်ဖို့ကောင်းပါသည်။ကျွန်တော်ဆန်ဝယ်နေစဉ် တွင်ဖြစ်သည်။ ဈေးဆစ်နေသည် ။ ဈေးသည်ကပြောသည် သူဌေးတွေကလည်း ဒါလေးများ ။ ကျွန်တော်က မဌေးပါဘူးဗျာပေါ့ ။ ထိုစဉ်တွင်ဘေးမှဈေးဝယ်တဦး (အရာရှိရုပ်) ကပြောလိုက်လေဗျာ သူဌေးဆိုချက်မစားဘူးဈေးထဲက ဆိုင်မှာပဲစားမှာပေါ့လို့။ သွားပြီမြန်မာပြည်သူတွေ ။ ဈေးထဲကဆိုင်ပဲဖြစ်ဖြစ်. ဆိုင်းပုဒ်တင်ထားတဲ့ လမ်းမပေါ်က ဆိုင်ပဲဖြစ်ဖြစ် အချို့မှုန့်သုံးမယ် ၊ ဈေးပေါတဲ့ဟင်းချက်စရာ (ကြက်သွန်၊ အားလူး၊ ခရမ်းချဉ်၊............) ဝယ်သုံးမည်သာဖြစ်။ ပဲဆီစစ်စစ်နဲ့ခလည်းမချက်ဘူး ၊ သံလွင်ဆီတို့ ဘာတို့ဆိုဝေး၊ ဒီလိုပြောလို့ စားသောက်ဆိုင်တွေကို ပုတ်ခတ်သလို ဖြစ်နေပြီလို့ပြောကြတယ်။ တကယ့် အခြေအနေတွေပါ။ ပြောတဲ့သူက ဆိုင်ဖွင့်ထားတယ်ထင်တယ်။ ဟဟ။ ဆိုင်ကြီးဟိုတယ်ကြီးတော့. ကောင်းမယ်ထင်ပါတယ်။ အဲဒီလို စိတ်ဓာတ်လေးတွေ ရှိလို့လည်း မြန်မာတွေ တိုးတက်သင့်သလောက်မတိုးတက်တာ။ (အခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်းပြော တာမကြိုက်ရဘူး)
ဒါတွေကိုတောင်အရာရှိတယောက်အနေနဲ့ မသိနိုင်ဘူး ၊ ကျွန်တော်တို့မှာ ဟိုတယ်အကောင်းစား စားသောက်ဆိုင်အကောင်းစားနဲ့ကလည်းဝေးလေတော့ ချက်စားနေရတာပေါ့ဗျာ .
နောက်တခု မြန်မာကျောက်စာဝန်ဟောင်းဘကြီးမြ ပြောသွားတာလေးတခု အသက်ရှည်အောင် ကံ၊စိတ်၊အဟာရ၊အလုပ် တဲ့။ ကျွန်တော်ကတော့ မြန်မာပြည်က မျိုးဆက်သစ်လူငယ်သူငယ်ချင်းများကို သက်ရှည်ကျန်းမာပြီး အဘက်ဘက်ပြည့်စုံသောသူများဖြစ်စေချင်ပါသည် နောက်တခုကတော့ တော်တော်လေးကို ဆိုးပါသည်ခင်ဗျ. တကယ့်အစီအနှစ်တွေပြည့်ဝအောင်စိုက်ပျိုးထုတ်လုပ်ထားသော နိုင်ငံခြားဆန်အကောင်းစားကို ဆီချိုဆန်ဆိုပြီး လုပ်စားနေကြခြင်းဖြစ်သည်။ သေကုန်တော့မှာပဲ.. ဒါမျိုးတွေကို သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ပေးသင့်တယ်ထင်တယ်။ ဒေါက်တာခင်မောင်ဝင်းကတော့ဆောင်းပါးထဲမှာ ထည့်ရေးဘူးတယ်။ ဆီးချိုသမားတယောက်အတွက်သင့်တော်တဲ့ဆန်ဆိုတာ လုံးတီးဆန်- ငစိန်ဆန်လိုမျိုးသာ

ဆေးရုံဆေးခန်း
ဟုတ်တယ်ဗျငွေကြေးတတ်နိုင်ရင်တော့ဆေးရုံးဆေးခန်းကောင်းကောင်းလေးပြကြပေါ့ဗျာ။ခလေးတယောက်မွေး တယ်ဆိုပါတော့ အထဲက ခလေးကို Monitor လုပ်နိုင်သော စက်တွေဘာတွေမရှိလို့ ပစ်လိုက်ရတဲ့ ခလေးလေးတွေဆို မြန်မာမှာ အများကြီးပဲလေ။ ပြည်သုတွေကလည်း ကံတရားအတိုင်း ကံကိုသာ ပုံအပ်လိုက်တာ။ အမှန်က မဖြစ်သင့်တာဖြစ်တာပါ။

အကျယ်ဖတ်ရန်...

ပညာရေး


ကျွန်တော်တို့ယနေ့ခေတ်ကာလတွင်ပညာသည်သာအဓိကဖြစ်သည်။ ရှေးအခါကဆိုးရိုးစကားတခုအကြောင်း နည်းနည်းပြောကြည့်မယ်။ သူဌေးသူကြွယ်တစ်ဦးသည် သူမျိုးဆက် (၃) ဆက်လောက်သာ ချမ်းသာနိုင်သည်တဲ့။ ယနေ့ကာလတွင်တော့ ယခုကဲ့သို့ပြောလို့မဖြစ်တော့ပါ။ ဤသည်မှာ ပညာရေးကြောင့်ပင်တည်း။
ယနေ့ခေတ် မိဘများအတွက် ဤတွင် ပညာရေးဆိုသည်မှာလည်း များစွာကျယ်ပြန်ရှုပ်ထွေးလွန်းသည်။ ခင်ဗျားက ငွေဘယ်လောက်ရင်းနှီးမြှပ်နှံနိုင်စွမ်းရှိသူလဲ? ဥပမာ ငွေကြေးသိပ်မတတ်နိုင်သူဆိုလျှင် -
(၁၀) တန်းအောင်ခလေးတယောက် GTI (၂) နှစ်လောက်တက်ခိုင်း၊ တချိန်တည်းတွင် အင်္ဂလိပ်စာလေး ကွန်ပြူတာလေး လေ့လာခိုင်း၊ ပြီးလို့ GTI အောင်ရင် ကျောင်းဆက်မတက်ခိုင်းတော့ပဲ သက်ဆိုင်ရာဆိုဒ် (လုပ်ငန်းခွင်)ထဲတွင် လုပ်ငန်းအတွေ့အကြုံ ဆရာသမားအပေါင်းအသင်းများ ရအောင် လုပ်ခိုင်းပြီး နိုင်ငံခြားလွှတ်ခြင်း ဖြစ်သည်။ ဟိုမှာ အလုပ်လုပ် အဆင်ပြေမှ ကျောင်းဆက်တက် .. ၊ ဤနည်းသည် မိဘများ အဆင်ပြေဆုံး(ငွေအသက်သာဆုံးရင်နှီးမှု)ဖြစ်သည်၊ပိုငွေကြေးတတ်နိုင်ပါကသဘောင်္လေးဘာလေးလိုက်နိုင်အောင် ရင်းနှီးမြှပ်နှံပေတော့။ဤလိုမှမဟုတ်ပါကဘွဲ့ရအောင်ဆက်တတ်နိုင်ပြီးနိုင်ငံခြားဂိုးရင်ဂိုး၊မဟုတ်လည်းအရာရှိဝင့်ခွင့်
တွေဘာတွေအောင်အောင်လုပ် အစိုးရဝန်ထမ်းလုပ် ။ ကောင်းပြီ သိပ်တတ်နိုင်ရင်လျှင်တော့ ၉ တန်းလောက်ထိ မြန်မာပြည်တွင် အခြေခံရအောင်လုပ်ပြီးလျှင် GCSE ကို အင်္ဂလန်သွားတက်ပေါ့ ။ သိပ္ပံပညာရှင်ဆိုတာ ဘယ်လူမျိုးတော့ ဘယ်နိုင်ငံကလူတော့ မဖြစ်ရဘူးဆိုတာမျိုးမရှိပါ . ဟုတ်တယ်မဟုတ်လား ။ ပညာရေး ကွားခြားချက်ကတော့ နိုင်ငံခြားတိုင်းပြည်များနှင့် တော်တော်လေးကိုကွားခြားပါသည် (မြန်မာစာအထူးပြုမဟုတ် လျှင်ပေါ့) ၊ အခုခေတ်မှာ အားလုံက အဆင့်မြင့် သင်ရိုးညွန်းတမ်း၊ သင်ထောက်ကူ ပစ္စည်း၊ Software အသုံးပြုနိုင်မှု၊။ ကျနော်တို့ဆီမှာက တက္ကသိုလ်ကို sponsar ပေးမယ့် ကုမ္ပဏီဆိုတာမျိုးမရှိ၊ နိုင်ငံတော် ဘတ်ဂျက်အသုံးစရိတ်ထဲကလည်းနည်းဆိုတော့ လိုအပ်ချက်တွေ ဘယ်လိုက်နိုင်မလဲ။ ပြီးတော့ တခြား Documents (up-to-date စာစောင်၊ မဂ္ဂဇင်း၊ thesis papers များ၊ တခြားကမ္ဘာနိုင်ငံကြီးများရှိ တက္ကသိုလ်များဧ။် စာကြည့်တိုက်များနှင့် ချိတ်ဆက်အသုံးပြုမှုများ၊ ပညာရှင်များဖိတ်ကြားသင်ယုစေမှုစသည် စသည်တို့ လုံးဝမရှိခြင်း တို့ကြောင့် ပညာ တကယ်လိုလားလျှင် တတ်မြောက်ချင်လျှင် အမေရိက ဥရောပနိုင်ငံများတွင်သာ သွားရောက်သင်ယူဖို့ လုပ်ရမည်။ လှည်းတမ်းဝန်ကျင်စစ်တမ်းတစောင်တွင် ကျောင်းသားတဦးပြောထားတာက မြန်မာပြည်ထဲတွင်နေပြီး ကမ္ဘာ့အဆင်မီပညာရေးတခုကို အင်တာနက်တို့ စာရွက်စာတမ်းတို့သုံးပြီးလေ့လာ၍ဖြစ်နိုင်ကြောင်း၊ သူနိုင်ငံခြားသွားပညာသင်ယူလိုခြင်းမှာ နိုင်ငံခြားဆိုသော အထိ အတွေ့အကြုံ (exposure) လေးကိုအမြတ်ထုတ်လို၍ဖြစ်ကြောင်း ပြောသည်။ အမှန်တော့ ယနေ့ပြည်တွင်းတွင်နေ၍ ကမ္ဘာ့အဆင်အတန်းမီ ပညာရပ်မျိုးကို လုံးဝမရနိုင်ပါ။ ထိုကျောင်းသားသည် အလွန်ကိုအတွေးအခေါ်မှားနေပါသည်။သို့ပေမယ့်သူကိုလည်းဒီလိုပြောလို့မရဘူးလေ။ မြန်မာကျောင်းသားအများစုကလည်း နိုင်ငံခြားသွားရောက်ဖူး၊ ဒီပလိုမာလေး ရိုးရိုးဘွဲ့လေးရ အလုပ်အကိုင် လေးရရင် ပြီးရောသတ်မှတ်နေကြတာကိုး။ အနီးအနားတိုင်းပြည်များက တက္ကသိုလ်များသည် Harvard တို့ Oxford တို့နှင့်ဆီနှင့်ရေလို ကွာနေသေးသည်။
နောက်တခုက ဘာသာစကားဖြစ်သည်။ ယနေ့မြန်မာနိုင်ငံသား ကျောင်းသားတဦးသည် အနည်းဆုံး တော့(၃)ဘာသာစကားလောက် တတ်ရပေမည်။ ဘာသာစကား လေ့လာတာက နိုင်ငံခြားတိုင်းပြည်တွေမှာက လွယ်ပါတယ်။ (ဆက်ဦးမယ်လေ.........)




ကျွန်တော်လေ့လာထားတဲ့ SYSWELD (Welding Software) လေး

ပင်သစ်ကရေးတဲ့ အနုထည်လေးပါ၊ ဂဟေဆော်တာကို အပြင်မှာမဆော်ခင် ကွန်ပြူတာထဲမှာ Simulation အရင်လုပ်ကြည့်တာပါ။ ဈေးကြီးလို့ အခုတော့ ရှိဘူး။ ဘယ်လိုခိုးလို့ရမလဲ ပြောပေးကြပါနော်.. ဟုတ်တယ်လေ။ တရုတ်ကြီးတောင်အားလုံးခိုးပြီးတတ်သွားတာ။ ဟိဟိ ကျွန်တော်တို့က ဘာရှိမှန်းကို မသိတာဗျ။ ၁၉၇၈ ကနေ ၂၀၀၆ လောက်အထိ တရုတ်သူခိုးသန်းကျော်ကမ္ဘာကို ခိုးဖို့သွားကြတယ်ဆိုပဲ၊ (ကြည့်ကောင်းအောင်ပြောတော့ လည်းပညာတော်သင်ပေါ့ဗျာ)။ သူခိုးတွေဆီကတော့ သေချာတယ် ပြန်နှိုက်ဖို့မလိုဘူး။ သိပ်တော်လို့ပြောတာ မဟုတ်ဘူးလေ၊ သူတို့တောင် ခိုးထားတာဆိုတော့ ဘယ်မှာလုပ် ကောင်းမှာလဲဗျာ။ ဒီတော့ ဒီကောင်တွေ ဘယ်မှာသွားခိုးတယ်ဆိုတဲ့ ရင်းမြစ်ကိုလိုက်ရမယ်. နို့မဟုတ်ရင်တော့. ခင်ဗျားတို့ ငပေါကြီးဖြစ်မယ် ... ဟိဟိ




ဥာဏ်ကောင်းအောင်လုပ်နည်း
လက်တွေ့သဘောတရားအားဖြင့် မှတ်ဥာဏ်စွမ်းအားတိုးတက်လာအောင် အဘယ်သို့လုပ်မည်နည်း။ နည်းသည်လွယ်ကူသည်။ အမှတ်များလာအောင် မှတ်ခြင်းမှတစ်ပါးမရှိ။ အမှတ်ကောင်းအောင်မှတ်ခြင်းသာ သုံးရသည်။ အဘယ်သို့မှတ်မည်နည်း။ စာအုပ်တအုပ်ကို အစအဆုံးဖတ် အခေါက်တရာဖတ်လည်းမရနိုင်။ စာတစ်လုံးကို အခေါက်တစ်ရာဆိုလည်း မဆုံးနိုင်သလို မရနိုင်။ ၄င်းအချက်သည် အဖြေဖြစ်၏။ မိမိတို့လမ်းလျှောက်သောအခါ သုံးပေခြားလေးပေခြား ခြေလှမ်း၍ သွားပါက ခရီးမပေါက်နိုင်သလို ပိုမိုပင်းပန်းသည်။ ထို့အတူ တစ်လှမ်းကို တစ်လက်မဖြင့် လျှောက်သောအခါလည်း မရောက်နိုင်သလို ပိုပင်ပန်းလေသည်။ စာဖတ်ခြင်းအတွက်မိမိအမှတ်ကို အသုံးချသောအခါ အထက်ပါဥပမာကိုလေးစားပါ။ စာရေးသူ ကိုယ်တွေ့ဖြစ်သည်။ အရင်ကဥာဏ်ထိုင်းသည်ဟု ဆိုကြသည်။ စာလေး၊ငါးကြောင်းကိုတစ်နေကုန်ကျက်သော်လည်းမရ။ သို့သော်နောက်ပိုင်း နည်းစနစ်ကို ကိုယ်တိုင် ဖန်တီးသောအခါ အစွမ်းထက်လာသည်။ (ဥာဏ်ကောင်းအောင်လုပ်နည်း - ဒေါက်တာ အရှင်ဥာဏဂ~ဂ)

အကျယ်ဖတ်ရန်...