လူမှုရေးအခန်းကဏ္ဍသည် ရှေ့လျှောက်လမ်းမည့် လူငယ်များအတွက်များ များစွာဂရုစိုက်ရမည့် အချက်ဖြစ်သည်။ ကျွန်တော် လူငယ်များနေပုံထိုင်ပုံပြုမူပုံကိုပါ ဒီခေါင်းစဉ်အောက်တွင် ဖော်ပြမည်ဖြစ်သည်။ ဥပမာ အိမ်လာတဲ့သူတယောက်ကို ကော်ဖီသောက်ပါအုံး၊ ထိုင်ပါအုံး စသည်ဖြင့်ပြောဆိုသင့်သည်။ ကိုယ်သည် ဧည်သည်နေရာတွင် ဘာပြောမလဲ? (ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် စသည်ဖြင့်ပေါ့ ၊ ကျွန်တော် ကော်ဖီမကြိုက်ဘူး . ဖြစ်နိုင်ရင် အအေးလေးပဲယူလာပေးပါ) ဒီနေရာတွင် မြန်မာများတခုဆိုးသည်မှာ ကိုယ်ကို၌ကကော်ဖီမသောက်တက်သောလည်း အိမ်ရှင်ကို အားနားပါးနားဖြင့် ဘာမှမပြောပဲ ပြီးမှ စတိသဘောမျိုးသောက်ထားခဲ့ခြင်း၊ ကိုယ်၌သွားစရာလာစရာရှိနေခြင်းကို အားနာပါနာဖြင့် မသွားပဲထိုင်နေခြင်း၊ စသည်တို့ဖြစ်သည်။ ခင်ဗျားမလုပ်ချင်သည်ကို အကြောင်းပြတတ်ဖို့ပဲလိုသည်။ ကျွန်တော် အရက်သောက်လို့မရဘူးခင်ဗျ. ဆေးသောက်ထားလို့ပါ။ မထိုင်တော့ဘူးခင်ဗျ ဖုံးချိန်းထားလို့ပါ၊ လူကြီးသွားကြိုရအုံးမှာမို့ စသည်ဖြင့်ဖြေရှင်းချက်လေးကောင်းဖို့သာလိုသည်။ ဒါနဲ့ပြောရအုံးမယ် မုသားဆိုလို့ .. သူတပါးကို ထိခိုက်နစ်နာခြင်းမှ မရှိတာဗျာ. အကုသိုလ်ဖြစ်ရင်တောင် % နည်းတာပေါ့။ ဒါနဲ့ပတ်သတ်ပြီးထပ်ပြောချင်တာက မလိုအပ်ပဲ မြန်မာများ အပို ပြောခြင်းပင် ဖြစ်သည်။ ဒီပစ္စည်းလေးဘယ်လောက်လဲ? တစ်ထောင်ပါ ဝယ်ရင်းကို ၉၅၀ ရှိတယ်။ ၅၀ ပဲမြတ်ပါတယ် ။ သွားပြီ . . ဘာလို့လဲဆိုတော့ သူဝယ်ထားတာက ၉၀၀ ထဲ၊ သို့ပေမယ့်ပြောလိုက်တာက တမျိုး။ မလိုဘူးဗျာ ကျွန်တော့်ပစ္စည်းမှန်ရောင်းတာ ၁၀၀၀ကျပ်ပဲ။ ပြီးပြီပဲ. ဒါကိုမဟုတ်ဘူး အပိုတွေထပ်ပြောတော့ အကုသိုလ်အပိုဖြစ်တာပေါ့ဗျာ. ။
Subscribe to:
Post Comments (Atom)
1 comment:
လုပ်ပါအုံး
Post a Comment