Friday, June 6, 2008

အင်္ဂလိပ်စာသင်ခန်းစာ

အင်္ဂလိပ်စာသည် မြန်မာနိုင်ငံသားများအနေဖြင့် များစွာအားထုတ် ကြိုးစားသင့်လှသည်။ အကြောင်းမှာ ကျွန်တော်တို့သည် ဘိုးဘွားလက်ထက်လောက်ကတည်းကနေ Queen English ကို ရင်းနှီးခဲ့တာမဟုတ်ပါလား။ ကျွန်တော်တို့နိုင်ငံသည် အင်္ဂလန်ထက်ကြီး၍ လူဦးရေ သန်း (၆၀) လောက်သော အတိုင်းအတာသည်လည်း နိုင်ငံကြီးများ နောက်နားလောက်ထဲတွင်ပါသည်။ သို့သော် ကျွန်တော်တို့ ကိုယ်ပိုင် ခေတ်မီနည်းပညာ ယနေ့ခေတ်အတိုင်းအတာအရဘာမှမရှိ၊ ကောင်းပြီ ဒါတွေဘယ်မှာရှိ ၊ ဘယ်လိုရအောင်သိအောင်လုပ်ရမည်၊ အခြေခံအလွယ်ဆုံးခင်ဗျား အင်္ဂလိပ်စာမှတဆင့်လိုက်ရမည်။ ဒါတောင် ဒိတ်ဒိတ်ကျဲပညာရှင် တယောက်ဖြစ် ချင်ရင်ရုရှစာတို့ဘာတို့ရမှဖြစ်မယ်။ (တချို့ဘာသာရပ်တွေဥပမာသချာင်္ပညာရပ်တို့ဘာတို့တွင်အင်္ဂလိပ်ဘာသာ ထဲမှာမရှိသေးသော ပညာရပ်များ ရုရှဘာသာစကားနှင့် ရှိသည်ဆိုပဲ)။ ခင်ဗျား Physics ကျောင်းသားဆိုပါတော့ ဘယ်မှာလည်း မြန်မာလိုရေးထားတဲ့စာအုပ်။ ဘာသာမပြန်ထားနိုင်ဘူးလေ။ ဘာသာပြန်တယ်ဆိုရာတွင်လည်း ထွက်သမျှ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ ရုရှ၊ စပိန် ၊စသည့် ကမ္ဘာအသုံးများသော.စာပေများအားလုံးနှင့် ရေးထားသောစာတိုင်းလိုလိုကိုပြန်ထားနိုင်မှ။ကျွန်တော်တို့ကကမ္ဘာမှာထွက်သမျှစာအုပ်ကိုဘာသာပြန်ထားနိုင်စွမ်း မရှိဘူးလေ။ ချူပ်လိုက်ရင် မြန်မာစာသည်တို့စာ၊ မြန်မာစကားသည်တို့စကား၊သို့ပေမယ့်မြန်မာစာမတတ်လျှင် ရသည်။ အင်္ဂလိပ်စာ မတတ်လျှင်တော့ လက်တလော အနေအထားတွင် ပြီးပြီသာမှတ်။ တက္ကသိုလ် ကျောင်းသားဆိုလျှင်ကို ဘယ်အချိန်ဖြေဖြေ IELTS ( ၆.၅) လောက်။ TOFEL (၅၈၀) လောက်တော့အဆင့် ရှိသင့်သည်လေ၊ ဟုတ်ပါပြီ။ နောက်တော့ထပ်ဖြည့်တာပေါ့ ဒီကဏ္ဍလေးကို
ကျွန်တော် အချိန်ရရင် အင်္ဂလိပ်စာလေ့လာစရာလေးတွေတင်ပေးပါ့မယ်။ ဆရာတော့မဟုတ်ပါဘူး၊ မျှဝေပေးတဲ့သဘောပါ

No comments: