ကျွန်တော်တို့ယနေ့ခေတ်ကာလတွင်ပညာသည်သာအဓိကဖြစ်သည်။ ရှေးအခါကဆိုးရိုးစကားတခုအကြောင်း နည်းနည်းပြောကြည့်မယ်။ သူဌေးသူကြွယ်တစ်ဦးသည် သူမျိုးဆက် (၃) ဆက်လောက်သာ ချမ်းသာနိုင်သည်တဲ့။ ယနေ့ကာလတွင်တော့ ယခုကဲ့သို့ပြောလို့မဖြစ်တော့ပါ။ ဤသည်မှာ ပညာရေးကြောင့်ပင်တည်း။
ယနေ့ခေတ် မိဘများအတွက် ဤတွင် ပညာရေးဆိုသည်မှာလည်း များစွာကျယ်ပြန်ရှုပ်ထွေးလွန်းသည်။ ခင်ဗျားက ငွေဘယ်လောက်ရင်းနှီးမြှပ်နှံနိုင်စွမ်းရှိသူလဲ? ဥပမာ ငွေကြေးသိပ်မတတ်နိုင်သူဆိုလျှင် -
(၁၀) တန်းအောင်ခလေးတယောက် GTI (၂) နှစ်လောက်တက်ခိုင်း၊ တချိန်တည်းတွင် အင်္ဂလိပ်စာလေး ကွန်ပြူတာလေး လေ့လာခိုင်း၊ ပြီးလို့ GTI အောင်ရင် ကျောင်းဆက်မတက်ခိုင်းတော့ပဲ သက်ဆိုင်ရာဆိုဒ် (လုပ်ငန်းခွင်)ထဲတွင် လုပ်ငန်းအတွေ့အကြုံ ဆရာသမားအပေါင်းအသင်းများ ရအောင် လုပ်ခိုင်းပြီး နိုင်ငံခြားလွှတ်ခြင်း ဖြစ်သည်။ ဟိုမှာ အလုပ်လုပ် အဆင်ပြေမှ ကျောင်းဆက်တက် .. ၊ ဤနည်းသည် မိဘများ အဆင်ပြေဆုံး(ငွေအသက်သာဆုံးရင်နှီးမှု)ဖြစ်သည်၊ပိုငွေကြေးတတ်နိုင်ပါကသဘောင်္လေးဘာလေးလိုက်နိုင်အောင် ရင်းနှီးမြှပ်နှံပေတော့။ဤလိုမှမဟုတ်ပါကဘွဲ့ရအောင်ဆက်တတ်နိုင်ပြီးနိုင်ငံခြားဂိုးရင်ဂိုး၊မဟုတ်လည်းအရာရှိဝင့်ခွင့်
တွေဘာတွေအောင်အောင်လုပ် အစိုးရဝန်ထမ်းလုပ် ။ ကောင်းပြီ သိပ်တတ်နိုင်ရင်လျှင်တော့ ၉ တန်းလောက်ထိ မြန်မာပြည်တွင် အခြေခံရအောင်လုပ်ပြီးလျှင် GCSE ကို အင်္ဂလန်သွားတက်ပေါ့ ။ သိပ္ပံပညာရှင်ဆိုတာ ဘယ်လူမျိုးတော့ ဘယ်နိုင်ငံကလူတော့ မဖြစ်ရဘူးဆိုတာမျိုးမရှိပါ . ဟုတ်တယ်မဟုတ်လား ။ ပညာရေး ကွားခြားချက်ကတော့ နိုင်ငံခြားတိုင်းပြည်များနှင့် တော်တော်လေးကိုကွားခြားပါသည် (မြန်မာစာအထူးပြုမဟုတ် လျှင်ပေါ့) ၊ အခုခေတ်မှာ အားလုံက အဆင့်မြင့် သင်ရိုးညွန်းတမ်း၊ သင်ထောက်ကူ ပစ္စည်း၊ Software အသုံးပြုနိုင်မှု၊။ ကျနော်တို့ဆီမှာက တက္ကသိုလ်ကို sponsar ပေးမယ့် ကုမ္ပဏီဆိုတာမျိုးမရှိ၊ နိုင်ငံတော် ဘတ်ဂျက်အသုံးစရိတ်ထဲကလည်းနည်းဆိုတော့ လိုအပ်ချက်တွေ ဘယ်လိုက်နိုင်မလဲ။ ပြီးတော့ တခြား Documents (up-to-date စာစောင်၊ မဂ္ဂဇင်း၊ thesis papers များ၊ တခြားကမ္ဘာနိုင်ငံကြီးများရှိ တက္ကသိုလ်များဧ။် စာကြည့်တိုက်များနှင့် ချိတ်ဆက်အသုံးပြုမှုများ၊ ပညာရှင်များဖိတ်ကြားသင်ယုစေမှုစသည် စသည်တို့ လုံးဝမရှိခြင်း တို့ကြောင့် ပညာ တကယ်လိုလားလျှင် တတ်မြောက်ချင်လျှင် အမေရိက ဥရောပနိုင်ငံများတွင်သာ သွားရောက်သင်ယူဖို့ လုပ်ရမည်။ လှည်းတမ်းဝန်ကျင်စစ်တမ်းတစောင်တွင် ကျောင်းသားတဦးပြောထားတာက မြန်မာပြည်ထဲတွင်နေပြီး ကမ္ဘာ့အဆင်မီပညာရေးတခုကို အင်တာနက်တို့ စာရွက်စာတမ်းတို့သုံးပြီးလေ့လာ၍ဖြစ်နိုင်ကြောင်း၊ သူနိုင်ငံခြားသွားပညာသင်ယူလိုခြင်းမှာ နိုင်ငံခြားဆိုသော အထိ အတွေ့အကြုံ (exposure) လေးကိုအမြတ်ထုတ်လို၍ဖြစ်ကြောင်း ပြောသည်။ အမှန်တော့ ယနေ့ပြည်တွင်းတွင်နေ၍ ကမ္ဘာ့အဆင်အတန်းမီ ပညာရပ်မျိုးကို လုံးဝမရနိုင်ပါ။ ထိုကျောင်းသားသည် အလွန်ကိုအတွေးအခေါ်မှားနေပါသည်။သို့ပေမယ့်သူကိုလည်းဒီလိုပြောလို့မရဘူးလေ။ မြန်မာကျောင်းသားအများစုကလည်း နိုင်ငံခြားသွားရောက်ဖူး၊ ဒီပလိုမာလေး ရိုးရိုးဘွဲ့လေးရ အလုပ်အကိုင် လေးရရင် ပြီးရောသတ်မှတ်နေကြတာကိုး။ အနီးအနားတိုင်းပြည်များက တက္ကသိုလ်များသည် Harvard တို့ Oxford တို့နှင့်ဆီနှင့်ရေလို ကွာနေသေးသည်။
နောက်တခုက ဘာသာစကားဖြစ်သည်။ ယနေ့မြန်မာနိုင်ငံသား ကျောင်းသားတဦးသည် အနည်းဆုံး တော့(၃)ဘာသာစကားလောက် တတ်ရပေမည်။ ဘာသာစကား လေ့လာတာက နိုင်ငံခြားတိုင်းပြည်တွေမှာက လွယ်ပါတယ်။ (ဆက်ဦးမယ်လေ.........)

ကျွန်တော်လေ့လာထားတဲ့ SYSWELD (Welding Software) လေး
ပြင်သစ်ကရေးတဲ့ အနုထည်လေးပါ၊ ဂဟေဆော်တာကို အပြင်မှာမဆော်ခင် ကွန်ပြူတာထဲမှာ Simulation အရင်လုပ်ကြည့်တာပါ။ ဈေးကြီးလို့ အခုတော့ ရှိဘူး။ ဘယ်လိုခိုးလို့ရမလဲ ပြောပေးကြပါနော်.. ဟုတ်တယ်လေ။ တရုတ်ကြီးတောင်အားလုံးခိုးပြီးတတ်သွားတာ။ ဟိဟိ ကျွန်တော်တို့က ဘာရှိမှန်းကို မသိတာဗျ။ ၁၉၇၈ ကနေ ၂၀၀၆ လောက်အထိ တရုတ်သူခိုးသန်းကျော်ကမ္ဘာကို ခိုးဖို့သွားကြတယ်ဆိုပဲ၊ (ကြည့်ကောင်းအောင်ပြောတော့ လည်းပညာတော်သင်ပေါ့ဗျာ)။ သူခိုးတွေဆီကတော့ သေချာတယ် ပြန်နှိုက်ဖို့မလိုဘူး။ သိပ်တော်လို့ပြောတာ မဟုတ်ဘူးလေ၊ သူတို့တောင် ခိုးထားတာဆိုတော့ ဘယ်မှာလုပ် ကောင်းမှာလဲဗျာ။ ဒီတော့ ဒီကောင်တွေ ဘယ်မှာသွားခိုးတယ်ဆိုတဲ့ ရင်းမြစ်ကိုလိုက်ရမယ်. နို့မဟုတ်ရင်တော့. ခင်ဗျားတို့ ငပေါကြီးဖြစ်မယ် ... ဟိဟိ
ဥာဏ်ကောင်းအောင်လုပ်နည်း
လက်တွေ့သဘောတရားအားဖြင့် မှတ်ဥာဏ်စွမ်းအားတိုးတက်လာအောင် အဘယ်သို့လုပ်မည်နည်း။ နည်းသည်လွယ်ကူသည်။ အမှတ်များလာအောင် မှတ်ခြင်းမှတစ်ပါးမရှိ။ အမှတ်ကောင်းအောင်မှတ်ခြင်းသာ သုံးရသည်။ အဘယ်သို့မှတ်မည်နည်း။ စာအုပ်တအုပ်ကို အစအဆုံးဖတ် အခေါက်တရာဖတ်လည်းမရနိုင်။ စာတစ်လုံးကို အခေါက်တစ်ရာဆိုလည်း မဆုံးနိုင်သလို မရနိုင်။ ၄င်းအချက်သည် အဖြေဖြစ်၏။ မိမိတို့လမ်းလျှောက်သောအခါ သုံးပေခြားလေးပေခြား ခြေလှမ်း၍ သွားပါက ခရီးမပေါက်နိုင်သလို ပိုမိုပင်းပန်းသည်။ ထို့အတူ တစ်လှမ်းကို တစ်လက်မဖြင့် လျှောက်သောအခါလည်း မရောက်နိုင်သလို ပိုပင်ပန်းလေသည်။ စာဖတ်ခြင်းအတွက်မိမိအမှတ်ကို အသုံးချသောအခါ အထက်ပါဥပမာကိုလေးစားပါ။ စာရေးသူ ကိုယ်တွေ့ဖြစ်သည်။ အရင်ကဥာဏ်ထိုင်းသည်ဟု ဆိုကြသည်။ စာလေး၊ငါးကြောင်းကိုတစ်နေကုန်ကျက်သော်လည်းမရ။ သို့သော်နောက်ပိုင်း နည်းစနစ်ကို ကိုယ်တိုင် ဖန်တီးသောအခါ အစွမ်းထက်လာသည်။ (ဥာဏ်ကောင်းအောင်လုပ်နည်း - ဒေါက်တာ အရှင်ဥာဏဂ~ဂ)

No comments:
Post a Comment