နောက် နှစ်တရာလောက်ကျရင် မြန်မာပြည်အကြောင်းစာအုပ်ရေးရင် ဘာတွေရေးဖြစ်မလဲမသိဘူးနော်။
2010 ရွေးကောက်ပွဲပြီးရင် လခတွေကိုလည်းတိုးမယ်. အရည်အချင်းတွေလည်းစစ်မယ်ဆိုလို့ phD တက်ပြီး stateman ဖြစ်အောင်လုပ်နေတယ်။ ဟိဟိ
ဆွေးနွေးပြောဆို သင့်တာတွေကတော့အများကြီးမှာ သူငယ်ချင်းတို့ ၊ ဒဂုန်တာရာ၊ ဦးသိန်းဖေမြင့် ကနေပြီးတော့ ဆရာကျော်ဝင်းတို့ ဆရာကြီးဒေါက်တာတင်လှိုင်တို့ကနေ တာရာမင်းဝေတို့အထိ ဆိုတော့ ........... ။ ဒီမိုကရေစီကိုပဲမျှော်ရတော့မှာပဲ. ။ ဟုတ်တယ် အဲကျရင် စာရေးစရာလုပ်မယ်. ခင်ဗျားတို့အားပေးပါအုံး . လောလောဆယ်တော့ ဖတ်မှတ်အုံးမယ်. စာဖတ်တယ်ဆိုလို့ ကျနော်တို့ မြန်မာတွေစာဖတ်နည်းကျတယ်ဗျာ. တကယ်ပါ . ဒါကလည်းအကြောင်းရှိသေးတာကိုး ။ ဟုတ်တယ်ဗျ မြန်မာမှာ လူတွေက ရိုက်စားလုပ်ဖို့ပဲ သောက်ကျင့်တွေကိုက ။ ထုတ်ကျတဲ့ စာအုပ် . ဒါပေမယ့်ဗျာ AutoCAD တို့ဘာတို့လို ကျောင်းသားအများအတွက် ရည်ရွယ်သည်များကို ဈေးနှုန်းချိုသာစွာ ထုတ်ဝေဖြန့်ချီနိုင်အောင်မလုပ်ပဲ Quality ဦးစားပေး ဈေးကြီးကြီးထုတ်တာမျိုးကြတော့ ဘယ်ကောင်းမလဲဗျာ. စာကြတော့ဘာမှပါတာမဟုတ်ဘူး ၊ လုပ်စားနေကြတာ ။ သက်ဆိုင်ရာအစိုးရကလည်း ဒါမျိုးတွေ အာရုံမစိုက်နိုင်ဘူးလေ. အများကျောင်းသား ဝယ်ဖတ်နိုင်အောင် ကြိုးစားပေးသင့်တာပေါ့. ဟုတ်ပါပြီ ဒါက စာရေးမယ်ဆိုလို့ ပြောမိသွားတာ။
နိုင်ငံ Developed country မြန်မြန်ဖြစ်အောင်
၁. တိုင်းပြည်အုပ်ချူပ်သူသည်စီးပွားရေးပညာရှင်သော်လည်းကောင်း၊အင်ဂျင်နီယာသော်လည်းကောင်း
ဖြစ်ရမည်.
၂. နိုင်ငံဝန်းထမ်းတိုင်း ကိုယ့်အလုပ်သာကိုယ့်လုပ်ကြရမည် (အတိအကျ)၊ ဥပမာ-ဌာနဆိုင်ရာကားမောင်းသူ
သည် အကြံအဖန် ဆီပီပါ လှိမ့်နေစရာမလို၊ ကျောင်းဆရာသည် ကင်တင်းဖွင့်နေဖို့မလို။
၃. ခေါင်းဆောင်သည် နိုင်ငံအမျိုးသားရေးကို တအားပြင်းထန်ဖို့၊ စွန့်လွှတ်အနစ်နာခံဖို့မလို၊ အရည်းအချင်း
ပြည့်ဝဖို့ သာလိုသည်။
[အထောက်အထားအနေနဲ့ပြရရင် 'ယနေ့ စင်ကာပူအောင်မြင်နေတာ လုပ်ရည်ကိုင်ရည် ပဓာနမူဝါဒ ကြောင့်ဖြစ်သည်" (CNN ၏ Asian Talk အစီအစဉ်တွင် စင်ကာပူ ဝန်ကြီးချူပ်ပြောသွားသောစကား)]
နာဂစ်မုန်တိုင်း
မုန်တိုင်းနှင့် ဝေးနေသောမြန်မာပြည်အထက်ပိုင်းမှ လူအချို့ကပြောနေကြသည်။ TV မှ ထောက်ပံတာတွေကြည့်ပြီး နည်းတာမဟုတ်ဘူး ။ မြတ်တောင်မြတ်သေးဟုပြောနေကြသည်။ ကျွန်တော်အခု ရေးဖော်ပြတာက မြန်မာပြည်တွင် ဒါမျိုးအတွေးအခေါ်တွေရှိတဲ့ သူများရှိသေးကြောင်း သိစေချင်၍ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်အနည်းက တင်းနစ်ပြိုင်ပွဲတခုတွင် နာမည်ကြီးတင်းနစ်သမားတယောက်ရိုက်လိုက်သော ဘော့လုံးသည် ကလေးငယ်တစ်ဦးဧ။်လက်အား မှန်ရာတွင်၊ ကလေးကိုယ်နှိုက်ကလည်း ဘယ်သန်ဖြစ်နေခြင်း၊ လက်ကလည်းရှေ့လျှောက်စာရေးရာတွင်အခက်အခဲဖြစ်စေခြင်း၊ မှန်တာကလည်း ဘယ်လက်ဖြစ်နေခြင်း၊ ရှေ့လျှောက်ဘယ်လက်မသုံးနိုင်ခြင်းအတွက် စိတ်အနာတရ စသည်စသည် တို့ကြောင့် ရောကြေးငွေဒေါ်လာသန်းချီ၍ရလိုက်သည်ဟုဆိုဧ။်။ ပြောချင်တာက မြန်မာပြည်တွင်ယခု ကြုံတွေ့ခံစားရပုံသည် တကယ်ကို သူတို့လေးတွေဘဝ ထိခိုက်နစ်နာလွန်းပါသည်။ ဘယ်လိုမှ တန်းဖိုးအကဲဖြတ်ရနိုင်မည်မဟုတ်.
ူဒီမှာ မုန်တိုင်းမျက်စိ ထဲဝင်ပြီး (လေယာဉ်နဲ့ပေါ့ဗျာ) ဗုံးတွေဘာတွဲခွဲပြီး လမ်း ကြောင်းပြောင်းလို့ ရနိုင်ခြင်း၊ မုန်တိုင်းအားလျော့သွားအောင် လုပ်ပေးခြင်းများ ပြုလုပ်၍ရနိုင်သည်ဟု။ ကျွန်တော်တို့သာဒါမျိုးလုပ်နိုင်မယ်ဆို ဘယ်လောက်ကောင်းမလဲဗျာ၊ အရေးပေါ်ယာဉ်များ စီမံဆောင်ရွက်ပြီး ကယ်ဆယ်ရေးလိုအပ်သူများကို ပြောင်းရွှေ့သယ်ဆောင်ပေးခြင်း၊ အင်းတိုက်အားတိုက်ပေါ့ဗျာ . ။ တကယ်တော့ အရာရာဟာငွေကြေးပါပဲ. ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားနေတုံးကာလလေးကိုဗျာ . ခွေးမသား နာဂစ်. .............
ကမ္ဘာစစ်ဖြစ်တော့မှာလား
ဟုတ်တယ်ဗျာ.... ကြောက်ဖို့ကောင်းတယ် သတင်းတွေက ၊ရုရှ နဲ့ မေရိကန်ကလည်း ဒုံးခွင်းဒုံးကိစ္စ နဲ့ နှာခေါင်းသွေးထွက်တော့မယ်။ အစ္စရေး နဲ့ ဆီးရီယား ၊ အီရန်။ တောင်မြောက်ကိုရီယား၊ တရုတ်-ဂျပန် သမိုင်းကြောင်းနဲ့ ကျွန်းဆွယ်ကိစ္စ။
အကျယ်ဖတ်ရန်...
အကျဉ်းဖတ်...